Breaking News
Loading...
2016-04-30

Info Post


ဂန့်ဂေါမြို့နယ် ဆိတ်မွေးမြူရေးခြံတစ်ခုတွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူအားဓားဖြင့်ထိုးခဲ့၍ သေဆုံးခဲ့မှု ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်း မှသိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီက မင်းရွာတိုက်နယ်ဆေးရုံသို့ ဓားဒဏ်ရာဖြင့်သေဆုံးနေသူ အမျိုး သားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်စိန်သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်မှာ ယမန်နေ့ ည ၁ဝ နာရီခွဲက ဂန့်ဂေါ မြို့နယ် မြစ်သာရေလှောင်တမံ စီမံကိန်းဆိတ် မွေးမြူရေးခြံတွင် ဆိတ်ကျောင်း အလုပ်လုပ်ကိုင်နေသူ ဒေါ်ငြိမ်းတင်သည် သားဖြစ်သူ မောင်နိုင်နှင့် အတူအိပ်ပျော်နေစဉ် သမီးဖြစ်သူ မနုနုဝင်း(၂၉နှစ်)၊ ချောင်းဆုံရွာ ပွင့်ဖြူမြို့နယ်နေသူနှင့် သမက်ဖြစ်သူ နေစိုး(၂၂နှစ်) ကျောင်းတော်ရာကျေးရွာ ပွင့်ဖြူမြို့ နယ်နေသူတို့ရောက်ရှိလာပြီးငွေကြေးကိစ္စ စကားပြော ဆိုကြစဉ် လင်မယားချင်းစကားများကြပြီး နေစိုးမှ မနုနုဝင်းအား သံချောင်းဖြင့်ရိုက်ရာ မနုနုဝင်းတွင် နားထင်ဝဲဘက် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မနုနုဝင်းကအနီးရှိအရိုးအသွားကိုးလက်မ၊ ဗြက်တစ် လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ပြန်လည်ခုခံစဉ် နေစိုး၏ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့၍ မင်းရွာတိုက်နယ် ဆေးရုံသို့ပို့ဆောင်ရာ ည ၁၁ နာရီ ၅၅ မိနစ်တွင်ဆေးရုံသို့ရောက်ရှိစဉ် နေစိုးမှာ ရရှိသောဒဏ်ရာဖြင့်သေ ဆုံးသွားသဖြင့်ဂန့်ဂေါမြို့နယ် မြို့မ ရဲစခန်းမှ(ပ)၆၇/၂ဝ၁၆၊ပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်ထားသည်။

ကျော်ဇေယျ(မကွေး)

posted from Bloggeroid

0 comments:

Post a Comment

Note: Only a member of this blog may post a comment.