Breaking News
Loading...
2014-01-13

Info Post
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ချောက်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ချောက်မြို့၊ အမှတ်(၃)ချောက်ရွာမဈေးလေးအတွင်းတွင် ဆင်ဆာမဲ့ခွေများရောင်းချနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ စစ်ရုံးလမ်းနေ ကြည်ကြည်ဝေ (၅၀)နှစ်၏ဆိုင်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ ၀င်ရောက်ရှာဖွေရာ ဆင်ဆာမဲ့မြန်မာသီချင်းခွေ ရောရာ(၃၂၈)ချပ်၊ မြန်မာတရားခွေ(၁၆)ချပ်၊ နိုင်ငံခြားဇာတ်ကားရောရာ(၃၂၆)ချပ်၊ မြန်မာအငြိမ့်ခွေ (၃၅)ချပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ကြည်ကြည်ဝေအား ချောက်မြို့မရဲစခန်း (ပ)၉/၂၀၁၄၊ ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
                                ရဲဇာနည်

0 comments:

Post a Comment

Note: Only a member of this blog may post a comment.