အမြန်လမ်းစတင်ဖွင့် လှစ်ချိန်ကစ၍ ယခုထိ ခုနစ်နှစ်အ တွင်း ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်း မှောက်မှုတို့ကြောင့် သေဆုံးသူ ခြောက်ရာကျော်နှင့် ဒဏ်ရာရသူ သုံးထောင်ကျော် ရှိပြီဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။
အမြန်လမ်းကို ၂၀၀၉ မတ် လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယင်း မှာ ၂၀၁၆ ဧပြီ ၃၀ ရက်အထိ မှတ်တမ်းတင်ထားသည့်စာရင်း ဖြစ်သည်။
၂၀၁၆ ပထမလေးလ အ တွင်း၌ပင် ရန်ကုန်-မန္တလေး- နေပြည်တော် အမြန်လမ်းမကြီး တွင် ယာဉ်မတော်တဆမှုပေါင်း ၂၃၃ မှုဖြစ်ပွားခဲ့ရာ ၆၁ ဦးသေဆုံး ပြီး ဒဏ်ရာရရှိသူ ၄၇၁ ဦးရှိ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြား သည်။
‘‘ဒီနှစ်ထဲမှာတော့ ယာဉ် တိမ်းမှောက်လို့ သေတဲ့အထဲမှာ အိမ်ကားတွေများတယ်။ အိမ် ကားတွေမှာတောင် ဘုရားဖူး ထွက်တဲ့ လိုက်ထရပ်ယာဉ်တွေ မှောက်ရင် ထိခိုက်မှုပိုများတယ်’’ ဟု အမြန်လမ်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၁၆ မှစကာ လေးလ အတွင်း ယာဉ်မတော်တဆမှုများ သည် ဇန်နဝါရီတွင် ၅၇ မှု၊ ဖေဖော်ဝါရီတွင် ၄၇ မှု၊ မတ်လတွင် ၇၀ မှုနှင့် ဧပြီတွင် ၅၉ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၅ တစ်နှစ်လုံး၌ ယာဉ် မတော်တဆမှု ၄၀၀ ဖြစ်ပွားခဲ့ကာ ၁၂၄ ဦး သေဆုံးပြီး ၁,၀၃၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၁၅ အတွင်း အမြန်လမ်း မကြီးပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများအနက် လူသေဆုံးမှု ဆိုးရွားစွာဖြစ်ပွားခဲ့ သည့် ယာဉ်မတော်တဆမှုအချို့ သည် မေလ ၃၁ ရက်နံနက် ၃ နာရီ ခန့်က မန္တလေးမြို့အဝင် မိုင်တိုင် (၃၅၇/၀)ရှိ တံတားဦးအဝိုင်းတွင် ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲသည့် Elite Expressယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် ငါးဦးပွဲချင်းပြီးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ သြဂုတ် ၁၀ ရက် ညနေ ၆ နာရီခန့်ကလည်း မိုင်တိုင်အမှတ် (၁၀၅ /၁)နှင့် (၁၀၅/၂)ကြားတွင် ရန်ကုန်- လားရှိုးပြေးဆွဲသည့် ရွှေလီဦး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီး သည်များအနက် ခုနစ်ဦး ပွဲချင်း ပြီးသေဆုံးကာ ဆေးရုံအရောက် ၌ ဒဏ်ရာရရှိသူများမှ နှစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် ကိုးဦး သေဆုံးခဲ့သည်။
‘‘အမြန်လမ်းမှာမောင်းတဲ့အခါယာဉ်တိုက်မှုအများဆုံး ဖြစ်တာ ကတော့ ယာဉ်မောင်းသူတွေ ကြောင့် အဖြစ်များတာတွေ့ရ တယ်။ တစ်လမ်းမောင်းဆိုတော့ မျက်စိညောင်းတယ်။ ကားမောင်း နေပေမယ့် မြင်ကွင်းက ဒီပုံစံပဲဆို တော့ ငိုက်တယ်။ အမှန်က ကီလို နှစ်ရာကျော်သွားမယ့်ခရီးဆိုရင် ယာဉ်မောင်းနှစ်ယောက် အလှည့် ကျမောင်းသင့်တယ်’’ဟု အမြန် လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ ကြီးက ပြောသည်။
အမြန်လမ်းမကြီးကို ပြုပြင် မည်ဖြစ်ပြီး လမ်းနယ်နိမိတ် တိုး ချဲ့ရာတွင် အမြန်လမ်းမကြီး လေးလမ်းသွားနှင့်အထက်ကို အကျယ်ပေ ၄၀၀၊ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းများ လေး လမ်းသွားနှင့်အထက်ကို အကျယ် ပေ ၃၀၀၊ ပြည်ထောင်စု လမ်းမ ကြီးကို ပေ ၁၅၀ အစရှိသဖြင့် လမ်းနယ်နိမိတ်များ တိုးချဲ့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
‘‘၂၀၀၉ မှာ ၄၇ ယောက်၊ ၂၀၁၀ မှာ ၃၈ ယောက်၊ ၂၀၁၁ မှာ ၄၇ ယောက်နဲ့ ၂၀၁၂ မှာ တော့ ၅၄ ယောက်သေဆုံးခဲ့ပါ တယ်။ ဒဏ်ရာရသူစာရင်းက တော့ လေးနှစ်အတွင်း ရာကျော် ရှိတယ်။ အခုလမ်းပိုင်းတချို့ တိုးချဲ့ပြင်ဆင်ဖို့လည်း လုပ်နေပါတယ်’’ ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

posted from Bloggeroid
0 comments:
Post a Comment
Note: Only a member of this blog may post a comment.