Breaking News
Loading...
2016-04-30

Info Post
အို ဆွေး ပျက်စီးနေတဲ့ ရဲလိုင်းခန်းတွေက စိတ်ခြောက်ချားစရာ

ရဲလိုင်းခန်းတွေကဆွေးနေပြီ မိုးရွာရင် ကြောက်နေရတယ်လို့ပြောတယ်။ ထရံတွေကွာမကျအောင် သံရိုက်ပြန် တော့ သစ်သားတွေက သံရိုက်စရာမလို လက်နဲ့တွန်းရင်တောင် ဝင်တယ်တဲ့။

လေပြင်းတစ်ခါတိုက်တာနဲ့ ပြိုကျမှာ လည်းကြောက်နေရတယ်။ ဘုရားတလို့
ဆုတောင်းနေရပြန်တယ်။



မိုးရွာရင် ဟိုနားကယို ဒီနားကယိုနဲ့ အဖာ
တစ်ရာနဲ့အိမ်။ ပြုပြင်မွမ်းမံနေရအောင်က လကုန်ရင် လစာက လက်မှတ်ထိုးသက် သက်မို့ မပိုမလျှံနဲ့ မပြင်ဆင်နိုင်တော့ပါ။

လေတိုက်လို့ ပြိုကာပိမလား။ မိုးရွာလို့ မိုးယိုမလား။ တိုင်များဆွေး၍ ပြိုကျမလား အိုမင်း ဆွေးမြေ့နေတဲ့ ရဲလိုင်းခန်း နေအိမ်တွေနေရတာစိတ်ခြောက်ချားစရာ။

ရဲတပ်ဖွဲ့ရဲ့ ဝန်ထမ်းထမ်းအိမ်ယာ လိုင်းခန်းများအား ပြန်လည်ပြုပြင်သင့်ပါတယ်။ ရဲစခန်းတိုင်းမှာ အိုဆွေး
နေတဲ့ အိမ်ယာတွေမှပါတယ်

0 comments:

Post a Comment

Note: Only a member of this blog may post a comment.