နိုင်ငံတော်သမ္မတဦးထင်ကျော် မန္တလေးမြို့သို့ရောက်ရှိ
............................................................
ဇူလိုင်လ(၈) ရက်နေ့က မန္တလေးမြို့၊ မဟာမုနိဘုရားသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်လာရောက်ဖူးမြော်ခဲ့သည်။ အဆိုပါခရီးစဉ်သည် သမ္မတဦးထင်ကျော်၏ ပထမဆုံးမန္တလေးမြို့ခရီးစဉ်ဖြစ်ပြီး ယင်းမတိုင်မီက သမ္မတကတော်ဒေါ်စုစုလွင် လာရောက်ခဲ့ဖူးသည်။
သမ္မတဦးထင်ကျော်သည် ဇူလိုင်လ(၈)ရက်နေ့နံနက်ပိုင်းက ရဲရွာရေအားလျပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး နေ့လယ်ပိုင်းတွင် မန္တလေးတောင်နှင့် မဟာမုနိဘုရားသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

0 comments:
Post a Comment
Note: Only a member of this blog may post a comment.