Breaking News
Loading...
2016-07-08

Info Post
မြို့နယ်လုံခြုံရေးအတွက် အမျိုးသမီး ဆယ်အိမ်မှုးတွေပါ ကင်းစောင့်နေ

===================
===================


ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်လေးမြို့နယ်မှာ အမျိုးသမီးဆယ်အိမ်မှုးတွေပါ ကင်းစောင့်နေတယ်လို့ သိရပါတယ်။

အဆိုပါလေးမြို့နယ်ဟာ မှုခင်းအဖြစ်များဆုံးမြို့နယ်တွေ ဖြစ်ပြီး အမျိုးသမီးဆယ်အိမ်မှုးတွေဟာ ညနေ ၆ နာရီကနေ ည ၁၂နာရီထိ ကင်းစောင့်ကာ လုံခြုံရေးတာဝန်ယူပေးနေတာ ဖြစ်ပါတယ်။ ကမာရွတ်၊ တောင်ဒဂုံ၊ လှိုင်သာယာနဲ့ သန်လျင်မြို့နယ်တွေဟာ မှုခင်းအဖြစ်များဆုံး မြို့နယ်တွေ ဖြစ်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က မှုခင်းကျဆင်းဖို့ အတွက် စီမံချက်နဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုယ့်လမ်းလုံခြုံဖို့အတွက် ကင်းစောင့်ပေးတာဖြစ်ပြီး မိန်းမသားတွေဆိုတော့ ည ၁၂ နာရီထိ စောင့်ပေးတယ်လို့ ကမာရွတ်မြို့နယ် အမျိုးသမီး ဆယ်အိမ်မှုးတစ်ဦးက ပြောကြားထားကြောင်း သိရပါတယ်။

တံတားဦး

0 comments:

Post a Comment

Note: Only a member of this blog may post a comment.