Breaking News
Loading...
2016-07-08

Info Post

နေပြည်တော်ရောက် မိုင်းဖုန်းဆရာတော်အား ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်
=============================
၉..၇..၁၆

-
တာချီလိတ်မြို့လေဆိပ်မှတဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ကြွရောက်
လာသော မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရအား နိုင်ငံတော်အတိုင်ပင်ခံ
ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၈ရက်၊ ညဦးပိုင်းတွင် ဥပ္ပါတသန္တိ
စေတီတော်အနီးရှိ သံဃာရာမ (၂)တွင် လာရောက်ဖူးမြော်ခဲ့သည်။
-
ည ၇နာရီခွဲမှ ၈နာရီကျော်ထိ နာရီဝက်ကျော် တွေ့ဆုံဖူးမြော်ခဲ့ပြီးဆရာတော်
မှ ဒေါ်အောင်ဆန်းစုကြည်ကိုးကွယ်ရန် (ခန့်မှန်းအားဖြင့် ဥာဏ်တော် ၃ပေ
ခန့်မြင့်သည့်)ဘုရားဆင်းတုတော်တစ်ဆူ ပေးအပ်ခဲ့သည်ကို တွေ့ရသည်။
-
"ဆရာတော်ကို လာဖူးတယ်လို့ပဲ ပြောရမှာပေါ့" ဟု နေပြည်တော်
ကောင်စီဝင် ဦးမင်းသူက ပြောသည်။
-
မိုင်းဖုန်းဆရာတော်သည် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ၉နှစ်ခန့်ကြာ ပိတ်ပင်ခံခဲ့ရပြီး ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလမှသာ ပြည်ဝင်ခွင့်ပြန်လည်ရရှိခဲ့သည်။


တံတားဦးသား

Next
This is the most recent post.
Older Post

0 comments:

Post a Comment

Note: Only a member of this blog may post a comment.