၁။ ခေါင်းဆောင်မှုနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ရောထွေးခြင်း
ရင့်ကျက်မှုမရှိသော ခေါင်းဆောင်အများစု၏ စီမံဆောင်ရွက်သော ဦးဆောင်မှုများဟာ ကြိုးကိုင်ခြယ်လှယ်မှုပုံစံတစ်မျိုးမျိုးသာဖြစ်ပါတယ်။ ကြိုးကိုင်ခြယ်လှယ်ခြင်းသည် ရေတို မဟာဗျူဟာဖြစ်တယ်ဆိုတာကို ကောင်းစွာ နားလည်သော ခေါင်းဆောင်သည် ထိုကြိုးကိုင်ခြယ်လှယ်ခြင်းကို အောင်မြင်စွာနှင့် ရိုးသားစွာ အသုံးချနိုင်ပါတယ်။ သို့သော် ၎င်းနည်းဗျူဟာသည် အဖွဲ့အတွက် စစ်မှန်သော ရည်ရွယ်ချက်ကိုတော့ အစားမထိုးနိုင်ပါ။ အောင်မြင်သော ခေါင်းဆောင် တွေဟာ သူတို့အဖွဲ့ ဘာလိုအပ်တယ်ဆိုတာနဲ့ ဘယ်အချိန်မှာ လိုအပ်တယ်ဆိုတာကို အမျှော်အမြင်ရှိစွာ သိမြင်နိုင်ပါတယ်။ ထိုခေါင်းဆောင်မျိုးက သူတို့အပေါ် အများယုံကြည်စိတ်ချမှုနှင့် ရေရှည် ရည်မှန်းချက် ပန်းတိုင်တွေမှ သွေဖီမသွားစေသော မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်မျိုးကိုသာ ချပါတယ်။
၂။ မိမိကိုယ်ကို မိမိရည်ညွှန်းသော စကားအသုံးအနှုန်းကို လွန်စွာ အသုံးပြုခြင်း
ထူးချွန်သော ခေါင်းဆောင်တွေက ပထမ ပုဂ္ဂလနာမ်စား (1st person pronouns) တွေကို အသုံးပြုတဲ့အခါ အထူးသတိထားကြပါတယ်။ ကျွန်ုပ်၊ ကျွန်ုပ်၏ (I, me, my, mine) အစရှိတဲ့ စကားလုံးအသုံးအနှုန်းကို အမြဲအသုံးပြုတဲ့ ခေါင်းဆောင်တစ်ဦးကို အဖွဲ့က လျင်မြန်စွာ စိတ်ပျက်သွားကြမှာဖြစ်ပါတယ်။ အများကို ခြုံငုံညွှန်းတဲ့ "we, us, let's" အစရှိတဲ့ စကားလုံးတွေကို အသုံးပြုခြင်းသည် စည်းလုံး ညီညွတ်မှုကို အားပေးသည့်အပြင် အဖွဲ့ထံမှ ပံ့ပိုးမှုကိုလည်း ရယူနိုင်ပါတယ်။
၃။ လူတိုင်းကို တန်းတူညီမျှနည်းလမ်းဖြင့် ဦးဆောင်ရန် ကြိုးစားခြင်း
ခေါင်းဆောင်တွေနဲ့ မန်နေဂျာတွေဟာ မက်လုံးများနဲ့ ရာထူးအဆင့်တိုးခြင်းတို့အကြောင်းကို အချိန်ကုန်ခံပြီး စဉ်းစားသလောက် လူတစ်ယောက်ချင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ ဘယ်အရာတွေက သူ့ကို ကောင်းမွန်စွာ အလုပ်လုပ်ရန် လှုံ့ဆော်မှုပေးသလဲဆိုတာကို နားလည်အောင် ကြိုးစားဖို့ အချိန်မယူတတ်ကြပါ။ လူတို့၏ ပင်ကိုယ်စရိုက် သဘောတရားကို မလေ့လာတဲ့ ခေါင်းဆောင်တစ်ဦးဟာ လူအမျိုးမျိုးတို့ပါဝင်သော ကျယ်ပြန့်လှတဲ့ အုပ်စုကို အောင်မြင်စွာ ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ သူတို့၏ ခေါင်းဆောင်မှု စွမ်းရည်ကို အဟန့်အတားဖြစ်စေပါတယ်။
၎။ ကိုယ့်ကိုယ်ကို ပြီးပြည့်စုံသူများဟု ယုံကြည်နေခြင်း
အကောင်းဆုံးသော ခေါင်းဆောင်များသည် သင်ယူနေသော ခေါင်းဆောင်များဖြစ်ပါသည်။ သူတို့သည် ခေါင်းဆောင်မှုကို လေ့လာသူများ၊ သင်ယူနေသူများဖြစ်ကြပါသည်။ သူ့ကိုယ်သူ နောက်ထပ် ဘာမှ သင်ယူစရာမရှိတော့ဘူးလို့ ထင်နေတဲ့ ခေါင်းဆောင်တစ်ဦးကို ပြပါ။ ဒါဆိုရင် (အခု မဖြစ်သေးဘူးဆိုရင်တောင်မှ) နောင်နှစ်အနည်းငယ်အတွင်းမှာ အသုံးမ၀င်တော့မည့် သူတစ်ဦးကို ကျွန်ုပ်က ပြန်ပြလိုက်ပါမယ်။ တိုးတက်မှုကို အမြဲပဲ ရှာဖွေနေတဲ့ ခေါင်းဆောင်ဟာ ဆွဲဆောင်မှုရှိသော ခေါင်းဆောင်ဖြစ်ပြီး ကျွမ်းကျင်မှုတွေ၊ အတွင်းသဘောတွေနဲ့ နောက်လိုက်တပည့်တွေကို လျင်မြန်စွာနဲ့ စုဆောင်းယူနိုင်တဲ့သူ ဖြစ်ပါတယ်။
၅။ အများဆန္ဒကို တည်ဆောက်ခြင်းဖြင့် ခေါင်းဆောင်ရန် ကြိုးစားခြင်း
ထိပ်တန်းခေါင်းဆောင်တွေဟာ ဘယ်အခါမှာ အများဆန္ဒကို ခံယူရမယ်၊ ဘယ်အခါမှာ ခေါင်းဆောင်ထံမှ ရိုးရှင်းတဲ့ဆုံးဖြတ်ချက်လေးတစ်ခုကို လိုအပ်တယ်ဆိုတာကို သိကြပါတယ်။ ဒါကို ခေါင်းဆောင်က သဘောမပေါက်ပဲ ထပ်ခါထပ်ခါ မှားနေမယ်ဆိုရင် အလုပ်ကို ဘယ်လောက်ပဲ ကြိုးကြိုးစားစားလုပ်လုပ် ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။
၆။ ခေါင်းဆောင်မှုသည် ပါရမီတစ်ခု မဟုတ်ဆိုတဲ့ အချက်ကို မေ့လျော့နေခြင်း
ထိရောက်သော ခေါင်းဆောင်မှုသည် ကျွမ်းကျင်သော အတတ်ပညာတစ်ရပ်ဖြစ်ပါတယ်။ ၄င်းကို လေ့လာခြင်းနှင့် အတွေ့အကြုံတို့ကို ပေါင်းစပ်ခြင်းမှတဆင့် သင်ယူ၍ ရရှိနိုင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ယောက်ကို လူတွေက ပါရမီရှိသော ခေါင်းဆောင် (talented leader) (သို့) မွေးရာပါ ခေါင်းဆောင် (born leader) လို့ သမုတ်လာရင် သူတို့ဟာ ထို ခေါင်းဆောင်ရဲ့ အလုပ်ကြိုးစားမှုကို မှားယွင်းပြီး အမည်တပ်တာဖြစ်နိုင်သလို ထိုခေါင်းဆောင်၏ သြဇာတိက္ကမနှင့် ပြည့်စုံခြင်းကို ထုတ်ဖော်ပြောဆိုတာလည်း ဖြစ်နိုင်ပါတယ်။ သြဇာတိက္ကမ၏ ခေါင်းဆောင်ခြင်းအပေါ် သက်ရောက်မှုသည် ကားတစ်စီးကို ဆေးသုတ်ခြင်းကြောင့် ရရှိသော သက်ရောက်မှုနဲ့တူပါသည်။ ပိုပြီးတော့ နှစ်သက်စရာကောင်းတဲ့ တင်ဆက်မှုကို ဖြစ်စေပေမဲ့ တကယ်စွမ်းဆောင်မှုသည် ပိုပြီး လေးနက်ပြီး ပိုအားကောင်းတဲ့ အခြားနေရာက လာမှာဖြစ်ပါတယ်။
၇။ ခေါင်းဆောင်မှုဆိုသည်မှာ အားကောင်းသော လွှမ်းမိုးမှု ပုံစံတစ်ခုဖြစ်ကြောင်းကို သဘောမပေါက်ခြင်း
အဖွဲ့တစ်ဖွဲ့ကို အောင်မြင်မှုရအောင် ခေါင်းဆောင်တစ်ယောက်လုပ်နိုင်တာတွေ အားလုံးကို နောက်ဆုံး သတ္တုချလိုက်ရင် လွှမ်းမိုးခြင်းဆိုတဲ့ စကားလုံးတည်းနဲ့ လုံလောက်ပါတယ်။ ထူးခြားတဲ့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တွေ၊ အားတက်သရော်ရှိမှုတွေ၊ လုပ်ဆောင်မှုတွေ၊ ဖြစ်နိုင် ခြေတွေ၊ ယုံကြည်စိတ်ချမှုတွေ၊ ယုံကြည်ချက်တွေ၊ လမ်းညွှန်မှုတွေနဲ့ လုပ်နည်းလုပ်ဟန်တွေအပေါ် သြဇာလွှမ်းမိုးနေတာဖြစ်ပါတယ်။ သြဇာလွှမ်းမိုးခြင်းက ထူးချွန်ထက်မြတ်တဲ့ ခေါင်းဆောင်များလုပ်ရတဲ့အလုပ်ဖြစ်ပြီး နည်းလမ်းအမြောက်အမြားနဲ့ လွှမ်းမိုးနိုင်ပါတယ်။ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲသွားမှာဖြစ်ပေမဲ့ "လွှမ်းမိုးမှု" ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

posted from Bloggeroid
0 comments:
Post a Comment
Note: Only a member of this blog may post a comment.