Breaking News
Loading...
2014-01-09

Info Post
ကိုယ်ရေးအချက်အလက်များ

အမည် ကျော်ဆန်းမင်း
အခြားအမည် -
အသက် ၃၄/၂၀၁၃ နှစ်
အဘအမည် ဦးထွန်းရှိန်
မှတ်ပုံတင်အမှတ် မရှိ
လူမျိုး/ဘာသာ ဗမာ/ဗုဒ္ဓ
အလုပ်အကိုင် ကျဘမ်း
နေရပ်လိပ်စာ လယ်ရာကျေးရွာ၊ ပခုက္ကူမြို့နယ်၊ မကွေးတိုင်းဒေသကြီး




ကိုယ်ပုံသဏ္ဍာန်

အရပ် ၅ ပေ ၆ လက်မခန့်၊ ဆံပင်နက်တို(ဘိုကေ)၊ နဖူးကျဉ်း၊ မျက်ခုံးကောင်း၊ မျက်လုံးနက်၊ နှာတံသင့်၊ ပါးစပ်စေ့စေ့ပိတ်ထားတတ်သည်၊ နားရွက်သေးကား၊ မျက်နှာဝိုင်း၊ ခန္ဓာကိုယ်တုတ်၊ အသားညို၊ ဗိုက်ရွှဲသည်။


အမှုအကျဉ်း

အမှုမှာ ၁-၄-၂၀၁၁ ရက်နေ့ ၁၃၀၀ အချိန် တရားလို ဦးမျိုးတင့် သည် သားဖြစ်သူ နေထွန်းနိုင်၊ ဒုရဲအုပ် မြင့်ခိုင် တို့နှင့်အတူ တရားခံ၏ နေအိမ်သို့ ချေးထားသော ငွေ(၉၅)သိန်း ရရန်ရှိ၍ သွာရောက်တောင်းခံပြီး တရားခံ၏ နေအိမ်ဧည့်ခန်းတွင် စကားပြောကြရာ တရားခံနှင့် ၎င်း၏ဇနီး မဌေးဌေးလတ် တို့မှ ငွေမပေးနိုင်ကြောင်း၊ အပြင်ထွက်သွားဟုပြောဆိုပြီး တရားခံ၏ ယောက်ဖဖြစ်သူမှ အက်စစ်ပုံးနှင့်ပက်သဖြင့် ဦးမျိုးတင့် နှင့် ဒုရဲအုပ် မြင့်ခိုင် တို့ လောင်ကျွမ်း ဒဏ်ရာများရရှိသဖြင့် ပခုက္ကူရဲစခန်း (ပ)၁၄၃/၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားရာမှ သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး အမှုမှတရားခံ ကျော်ဆန်းမင်း မှာ ထွက်ပြေးတိမ်းရှောင်နေမှု ဖြစ်ပါသည်။



တရားခံပြေးသွားလာတတ်သောဒေသများ

၁။ဦးထွန်းရှိန်၊ ဖခင်၊ မြစ်ခြေရွာ၊ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး။
၂။မခင်ထွေး၊ (ဘ) ဦးထွန်းရှိန်၊ အစ်မ၊ မြစ်ခြေရွာ၊ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး။
၃။မတင်နု၊ (ဘ) ဦးထွန်းရှိန်၊ အစ်မ၊ မြစ်ခြေရွာ၊ ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး။
၎။ကျော်ဆန်းဝင်း၊ (ဘ) ဦးထွန်းရှိန်၊ ညီ၊ စိန်သုံးလုံးပဲပွဲရုံ၊ ပခုက္ကူဈေး၊ မကွေးတိုင်းဒေသကြီး။
၅။မတင်တင်မော်၊ (ဘ) ဦးထွန်းရှိန်၊ အစ်မ၊ ထန်းကြီးရွာ၊ အရာတော်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး။
113.jpg

Listing Details

0 comments:

Post a Comment

Note: Only a member of this blog may post a comment.