မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့နယ်တွင်
မော်တော်ယာဉ်များနှင့် ပါတ်သတ်၍ မ်ာတော်ယာဉ်များအား ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန မှစစ်ဆေးပြုလုပ်သည်ဟု ဆို၍ မော်တော်ယာဉ်များအား စစ်ဆေးလျှက်ရှိရာတွင်မော်တော်ယာဉ်တစ်စီးလျှင်
စည်းကမ်းသတ်မှတ်ချက် များနှင့် ညီညွှတ်မှုမရှိက (30000)ကျပ်နှုန်း ဖြင့်အရေး ယူဆောင်ရွက်
လျှက်ရှိပြီး မော်တော်ဆိုင်ကယ်များအား ကျပ်(၅၀၀၀)နှုန်းဖြင့် ဒဏ်ရိုက်လျှက်ရှိရာ အဆိုပါဝန်ထမ်းများမှ အဆိုပါဒဏ်ငွေများသည်နိုင်ငံတော်တွင် ဘတ်ဂျက် အဖြစ်ပြန်လည် ပေးသွင်းရကြောင်းပြောပါသည်။
လုပ်ကိုင်စားသောက်နေရသောပြည်သူများအဖို့တွင် (ကညန)မှ လုပ်ငန်းလုပ်ဆောင်ရန်
လိုအပ်ချက်များကြောင့်စောင့်ဆိုင်းနေရ၍သော်လည်းကောင်းအစရှိသည့် ကိစ္စရပ်များကြောင့်
ယာဉ်လိုင်စဉ်လုပ်ကိုင်နိုင်ခြင်းမရှိသေးသော ယာဉ်များအတွက် ယင်းသို့သော် ဒဏ်ငွေများ အား ပေးဆောင်နေရခြင်းမှာ ပြည်သူတွေအနေဖြင့်လုပ်စားကိုင်စားနေရသည့်
နေစားအလုပ်သမားများအတွက် မဖြစ်သင့်ကြောင်း မော်တော်ယာဉ်များဖြင့် လုပ်ကိုင်စားသောက်နေ ရသော ပြည်သူတစ်ယောက်အနေဖြင့် အခက်အခဲများစွာရှိကြောင်း၊ စည်းကမ်းပျက်လိုဒဏ်ရိုက်တာကို
ပေးဆောင်ရာတွင်လည်း ယာဉ်နှင့် ပါတ်သတ်သော လိုင်စင်/လုပ်ငန်းလိုင်စင်များအား သွားရောက်လုပ်ကိုင်ရာတွင်နှောင့်နေးကြန့်ကြာမှုများကြောင့်ယခုလိုဖြစ်နေရကြောင်း၊ ယခင်က မော်တော်ပီကယ်များအား ကြောက်နေရသော်လည်း ယနေ့တွင်
ပို့ဆောင်ဆက်သွယ်ရေး အား ဖမ်းဆီးမှာကိုကြောက် ပိုမိုကြောက်ရွံ့နေရကြောင်း သိရှိရပါသည်။
0 comments:
Post a Comment
Note: Only a member of this blog may post a comment.