မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၂၇x၂၈ လမ်းကြား ၈၄ လမ်း ဈေးချို မန်းမြန်မာပလာဇာ ၂၅ ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ်ကောင်ကို ဇန်န၀ါရီ ၁၁ ရက် ညနေ ၃ နာရီက မန္တလေး ပြည်ကြီးရန်လုံရပ်ကွက်နေ အဆောက်အအုံကန်ထရိုက် ဦးဇော်ဝင်း(ဆေးဆရာ) မှ တွေ့ရှိခဲ့သည်။
အဆိုပါ ထူးခြားသောအသွင်သဏ္ဌာန်ရှိ အမျိုးအမည်မသိငှက်
သည် ကြောင်ခေါင်းသဏ္ဌာာန်ရှိပြီး လည်ပင်းတွင်အဖြူရောင်ပါရှိသည်။ အတောင်နှစ်ဖက်ဖြန့်လျှင် သုံးပေခန့်ရှည်လျားပြီး အမြီးနှင့်အတောင်တို့
တွင် ဒေါင်းမြီးများကဲ့သို့ လှပသောပန်းကွက်များပါရှိသော ထူးခြားသည့် ဆောင်းခိုငှက်တစ်ကောင်ဖြစ်မည်ဟု ယူဆရသည်။
၎င်းငှက်ကိုစိတ်ပါဝင်စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဇန်န၀ါရီ ၁၂ ရက် နံနက် ၉ နာရီတွင် မန္တလေး အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
The Mirror Daily
0 comments:
Post a Comment
Note: Only a member of this blog may post a comment.