Breaking News
Loading...
2016-06-06

Info Post
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် တံတားဦး - မြို့သာ-မြင်းခြံသွား ကားလမ်း မြို့အဝင် လမ်းဆုံ
တွင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှ တပ်ဖွဲ့ဝင်များ တံတားဦးမြို့နယ်
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့
မှ ရက် ၁၀၀ စီမံချက်ကာလအတွင်း
ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်း
စေရေး ပညာပေးလက်ကမ်းစာစောင်
များ ဖြန့်ဝေခြင်း ယာဉ်မောင်းသူနှင့်
ယာဉ်နောက်လိုက်များ သိသင့်သိ
ထိုက်သည့် ၂၀၁၅ ခုနှစ် မော်တော် ယာဉ် ဥပဒေပါ စည်းကမ်းချက်များကို
ထည့်သွင်းပြောကြားခြင်း။

ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရ မည့် စည်းကမ်းချက်များ လိုက်နာမှု
မရှိပါက တာမြစ်ချက်နှင့် ပြစ်ဒဏ်များ
ပြောခြင်း။

သတ်မှတ်ထားသည့် စက်တပ်ယာဉ်
များကို မောင်းနှင်သွားလာရာတွင် စည်းကမ်းချက်များနှင့်အညီ သွားလာ
ကြရန်ပြောကြားခြင်း။

လမ်းညွှန်အမှတ်အသားများ အချက်
ပြများကို လိုက်နာမောင်းနှင်ကြရန်။
ယာဉ်ထိန်းရဲ၏ လမ်ညွှန်အချက်ပြမှု
ကို လိုက်နာကြရန်တို့ ထည့်သွင်း ပညာပေးပြောကြားခဲ့ပါသည်။

သတိပေးချက်
========
ယာဉ်စစ်ဆေးခြင်းနှင့်ပါတ်သတ်၍ ယာဉ်မောင်းလိုင်စင် ရရှိထားသူသည်
ယာဉ်/လမ်းစည်းကမ်းများကို နားလည်သိရှိပြီး မောင်းနှင်နိုင်သဖြင့်

ယာဉ်မောင်းလိုင်စင် မရှိသူမှာ ယာဉ်/လမ်းစည်းကမ်း နားမလည်နိုင်၍ ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်ကြောင်း။

ယာဉ်လိုင်စင် စစ်ဆေးရာတွင်လည်း
တရားဝင် မှတ်ပုံတင်ထားခြင်း မရှိပါ
က ယာဉ်မတော်တဆမှုများဖြစ်ပွား
ပါက စုံစမ်းဖော်ထုတ်ရန် ခက်ခဲခြင်း
ဒုစရိုက်မှုများကျုးလွန်နိုင်ကြောင်း စသည်တို့ကိုအသိပညာပေးခြင်းဖြင့်
လက်ကမ်းစာစောင်များနှင့်အတူ ဖြန့်
ဝေပေးခဲ့ပါသည်။



0 comments:

Post a Comment

Note: Only a member of this blog may post a comment.