Breaking News
Loading...
2016-06-21

Info Post
ဝန်ထမ်းအိမ်ယာနေအိမ်လိုင်းခန်းများ
လုံလောက်မှုမရှိ၍ အောက်ခြေဝန်ထမ်း
မိသားစုဝန်များ အခြေအနေအမျိုးမျိုး ဒုက္ခနဲ့ကြုံနေ

အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့် ကမ္ဘာ
လှည့်ရဲတပ်ဖွဲ့ဝင်/ယာဉ်ထိန်းရဲတပ်ဖွဲ့
တပ်ရင်း /သင်တန်းကျောင်းများ သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် နယ်မြေရဲစခန်းများတွင် ဝန်ထမ်းအိမ်
ယာများ လုံလောက်မှုမရှိ၍ အခက်အခဲ
များနှင့် ရင်ဆိုင်နေရပါသည်။

အမြန်လမ်းရဲတပ်ဖွဲ့/ ကမ္ဘာ
လှည့်ရဲတပ်ဖွဲ့/ယာဉ်ထိန်းရဲတပ်ဖွဲ့/
တပ်ရင်း သင်တန်းကျောင်းများတွင် ဝန်ထမ်းအိမ်ယာ မလုံလောက်၍ နီးစပ်ရာ ရဲစခန်း
များတွင် သက်ဆိုင်ရာ  တိုင်း/ခရိုင်/မြို့နယ်အလိုက် အာဏာတည်သူများထံ ခွင့်တောင်းကာ နေထိုင်နေရခြင်း။ ထိုသို့နေထိုင်ရာတွင်လည်း ဝန်ထမ်း
အိမ်ယာအလွတ်ရှိမှသာ နေထိုင်ရခြင်း
ဖြစ်ပါသည်။ ထိုသို့ သက်ဆိုင်ရာ နယ်
မြေရဲစခန်းများသို့ အင်အား ထပ်မံ ပြောင်းရွှေ့ရောက်ရှိလာပါက ယခင် ခွင့်တောင်းနေထိုင်သည့် အမြန်လမ်းရဲတပ်ဖွဲ့/ ကမ္ဘာ
လှည့်ရဲတပ်ဖွဲ့/ယာဉ်ထိန်းရဲတပ်ဖွဲ့/
တပ်ရင်း သင်တန်းကျောင်းများမှ ဝင်ရောက်နေထိုင်သည့် တပ်ဖွဲ့ဝင်များ
မှ ဝန်ထမ်းအိမ်ယာများမှ ဖယ်ရှားပေးရ
ချင်းများဖြစ်ပေါ်လျှက်ရှိပါသည်။

ထိုသို့ ဝန်ထမ်းလိုင်းခန်း မလောက်ငှမှု
ကြောင့် အောက်ခြေမှာ အခက်အခဲ မျိုး
စုံဖြစ်ပွားနေရသည့် တပ်ဖွဲ့ များမှ တပ်ဖွဲ့ဝင်များမှာ အခြားသော အခက်အခဲထက် နေစရာအခက်အခဲ 
ကြောင့် စိတ်သောကများရောက်နေရ ပါကြောင်း  ပြည်ထဲရေး ဝန်ကြီးနှင့် ရဲချုပ်ကြီးအား သိရှိစေရေးအတွက် ရေးသားလိုက်ရပါသည်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.