Breaking News
Loading...
2016-06-11

Info Post
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ခံစားချက်
*

၂၀၁၆ ဇွန် ၁၀

ဒုရဲအုပ်လောင်းဖြေတာ ၇ ကြိမ်ရှိပြီ ၂၀၁၀ ရေးဖြေစကတည်းကပေါ့ ရေးဖြေ ၂၀၁၄/၂၀၁၅/၂၀၁၆ (၃)ကြိမ်အောင်ပြီးပြီ အသက်က ၃၀ ပြည့်တော့မယ် စိတ်/ ကြံ့ / လူတွေ့ လည်းဖြေရတယ် ဒါပေမယ့် အခုချိန်ထိ သင်တန်းတက်ဖို့ ကံမပါလာဘူး လုပ်သက်က ၁၀နှစ် ရှိပြီ ဘာဆက်လုပ်ရမှာလဲ တပ်ဖွဲ့ အပေါ် ထားတဲ့ သံယောဇဉ် ဘယ်လိုဖြတ်ရမှာလဲ ။

မျော်လင့်ချက်မရှိတော့ဘူးလေ မိသားစုကလည်း စိတ်အားငယ်နေကြပြီ ကိုယ်ကိုတိုင်လည်း ခံစားနေရတယ် တပ်ဖွဲ့ကို မြတ်နိုးတယ် တန်ဖိုးထားတယ်။

ဒါပေမယ့် ရဲအရာရှိတစ်ယောက်ဖြစ်ချင်လို့ ယုံကြည်ချက် ခံယူချက်နှင့် ကြိုးစားခဲ့သမျှ အားလုံး သဲထဲရေသွန်ဖြစ်ကုန်ပြီ ရဲတပ်ဖွဲ့ထဲကို စဝင်စဉ်က ရည်ရွယ်ချက်ထားခဲ့တယ်။

ရဲအရာရှိတစ်ယောက်ဖြစ်ရမယ်လို့ ရဲတပ်ဖွဲ့က
သတ်မှတ်ဖြေဆိုခိုင်းတဲ့ စာမေးပွဲတွေ စိတ်/ကြံ့/လူတွေ့ တွေကိုလည်း သူများထက် နှစ်ဆ ကြိုးစားခဲ့တယ်
ကိုယ့်ရည်ရွယ်ချက် ပန်းတိုင်ကို ရောက်ချင်လို့ပါ တပ်ဖွဲ့ဝင်သူငယ်ချင်းတွေ အတူတူဖြေဆိုရင်း ရဲအရာရှိဖြစ်နေချိန်မှာလည်း ကိုယ်မပါခဲ့ပေမဲ့ အားမငယ်ဘဲ ထပ်မံကြိုးစားခဲ့တယ်။

ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်မှု (၃)ကြိမ်တိုင် ဖြေဆိုအောင်မြင်ခဲ့သော်လည်း ယနေ့ထိ ရဲအရာရှိသင်တန်း တက်ရောက်ခွင့် မရှိခဲ့တာကို သိရှိခွင့် မရှိခဲ့ပါ။
အဘ ရဲချုပ်ကြီးအား ကျွန်တော်၏ ယုံကြည်ချက် ခံယူချက်အား သိရှိစေလိုပါတယ်ခင်ဗျာ။
အလုပ်တစ်ခုမှာ ကိုယ့်ဘဝတိုးတက်လမ်းကို မျှော်လင့်
ချက်တွေနဲ့ လျှောက်လှမ်းခဲ့ပါတယ်။

ကြိုးစားခဲ့ပါတယ် ကျရာတာဝန် ပေးအပ်သည်များ ကိုလည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။
ယခုလို ဘဝအတွက် မျှော်လင့်ချက်မရှိတော့ အလုပ်တစ်ခုမှာ မပျော်ရွှင်တော့သည့်အတွက် ဘဝ တိုးတက်ဖို့ မဖြစ်နိုင်တော့ပါ။ အလုပ်အတွက် လုပ်ကိုင်ရသည်မှာလည်း အဆင်ပြေချောမွေ့မည် မဟုတ်တော့ပါ၍ ယခုလို ရိုသေစွာ တင်ပြရခြင်းဖြစ်ပါ တယ်။

လ ၂၂၁၂၈၉
ရဲဒုတက ချမ်းငြိမ်းဇင်မောင်
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

Email ပေးပို့လာခဲ့တယ်။ သက်ဆိုင်ရာ
တာဝန်ရှိသူများမှ ဖြေရှင်းပေးစေခြင်ပါ တယ်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.