ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်လို့ ယာဉ်ထိန်းက ချလံဖြတ် အရေးယူခဲ့သည့် မိန်းကလေး နှစ်ယောက်က ဒီလိုဗျ…………
ခဏနေ ဦးပဉ္စင်းတစ်ပါးယောက်လာ တယ် ထိုအမျိုးသမီး မိန်းကလေး နှစ်ဦး
မှ ဖုန်းဆက်ခေါ်၍ ရောက်လာပုံပါ။
ဗမာလူမျိုးတွေသည် ကိုယ့်လုပ်တဲ့ အပြစ် ကိုယ်ဝန်မခံတက်ပါ။ ဥပဒေကို
ချိုးဖောက်ဖို့ ဥပဒေကို မထိမဲ့မြင်လုပ်
ဖို့ဆိုရင် ထိပ်ဆုံးကဖြစ်သည်။
လိုချင်သည်က ဥပဒေ၏ အကာ အကွယ် ဒီမိုကရေစီခေတ်မှာ လာဘ် စားမှု ပပျောက်အောင် စွမ်းစွမ်းတမံ
ဆောင်ရွက်နေကျတာ ဖြစ်ပါသည်။
ထိုအမျိုးသမီး နှစ်ဦးသည် ဦးပဉ္စင်း၏
ညီမတွေဖြစ်ပါတယ် အကူအညီပေးပါ
တာဝန်ရှိသူ ယာဉ်ထိန်းတစ်ဦးထံ
အကူအညီတောင်းပါတယ်။
ယာဉ်ထိန်းရဲမှ ဥပဒေအရ ရှင်းပြပါ တယ်။ ဘုန်းကြီးတွေ ဝိနည်းနှင့်မညီ
ကားမောင်း ဆိုင်ကယ်မောင်း Without စီး / ဦးပဉ္စင်းများပါတဲ့ ဆိုင်ကယ် /ကားမှန်သမျှ ယာဉ်/လမ်း
စည်းကမ်း ဖောက်ဖျက်လျှင် ဥပဒေအရ
အရေးယူဆောင်ရွက်တာ မရှိပါဘူး။
လိုရာခရီး သွားလိုရာနေရာကို အဟန့်
အတားမဖြစ်စေရန် အကြောင်းအမျိုး
မျိုးကြောင့် ဥပဒေကို ချိုးဖောက်ခွင့်နှင့်
မျက်ကွယ်ပြုထားပါသည်။
လူတွေအမြင်မှာပင် အခွင့်ထူးခံ ဥပဒေ ပြင်ပကနေခံစားခွင့်ပြုထားသည်ထင်မှတ်ပြီး လွယ်လင့်တကူဘုန်းတော် ကြီးများ ပါလျှင်ဖြင့် ဥပဒေအသက် မရှိဟု လူတွေ ထင်မှတ်နေကြသည်။
ဦးပဉ္စင်းမှ ညီမတော်စပ်သူ နှစ်ယောက်
အတွက် အကူအညီတောင်းခံ၍ ဥပဒေ
အရ တစ်မှုတော့ အမှုဆောင်ရန် ယာဉ်ထိန်းရဲမှ အကူအညီပေးရန်ပြော
ပြီးသောအခါ ဦးပဉ္စင်းမှ ဖုန်းကိုဆွဲထုတ်
ဓါတ်ပုံရိုက်ပါတယ်။
ဘာအတွက် ရိုက်တယ်မသိ မေးကြည့်
သောမခါ မင်းတို့ကို အကူအညီ တောင်းတာ မင်းတို့ ဗုဒ္ဓဘာသာ မဟုတ်ဘူးလားလို့ အပြောခံနေရပါ သည်။
လူ့ဘောင်ကိုစွန့် ဘုန်းကြီးဝတ်သော်
လည်း ဝိနည်းနှင့်မညီ သာသနာကို ညိုးနွမ်းစေသည့် အပြုအမှုများ မလုပ်
ဆောင်သင့်ရန်နှင့် ကိုယ့်တာဝန် ကိုယ်ယူရဲတဲ့ ဥပဒေရဲ့ အကာအကွယ်
ကို လိုချင်ရင် ဥပဒေကို လေးစားလိုက် နာဖို့ လိုပါတယ်။
မှတ်တမ်းဓါတ်ပုံ ရိုက်ယူမထားလိုက်ရ ၍ မတင်ပြနိုင်တာ ခွင့်လွှတ်ပါ။
ဒီဖြစ်စဉ်သည်……
25-5-2016ရက်နေ့မှာ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းပါ။
နေရာ မြို့နယ်မဖော်ပြလိုတော့ပါ။
ဥပဒေရဲ့ အကာအကွယ်ကို လိုချင်ရင်
ဥပဒေကို လေးစားလိုက်နာပါ။ ကိုယ့်တာဝန်ကိုယ်ယူပါ။
ဥပဒေအတွင်းမှ လုပ်တဲ့သူတွေက ဥပဒေကို လေးစားလိုက်နာရန်ပြော။
ဥပဒေကို မလေးစားမလိုက်နာဘဲ ဥပဒေရဲ့ အကာအကွယ်ကို လိုချင်တဲ့
လူတွေက ဒီမိုကရေစီကို ဘယ်လိုများ
လိုချင်တာပါလိမ့်ဟု ထင်မြင်မိပါ တော့သည်။
အပြုသဘောဆောင်ရေးသားခြင်းဖြစ်ပါသည်။

0 comments:
Post a Comment
Note: Only a member of this blog may post a comment.