Breaking News
Loading...
2016-05-22

Info Post
နေပြည်တော်. အမြန်လမ်းကိုခရီးထွက်မည်ဆိုလျှင်
---------------------------------------------
ယခုတစ်လော. မိတ်ဆွေတွေကော၊အခြားပြည်သူ
များပါအမြန်လမ်းတွင်ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး
သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများနေ့ စဉ်လိုလိုကြား
သိနေရပါသည်၊အမြန်လမ်းမှာခရီးသွားမည်ဆိုလျှင်
မိတ်ဆွေများကိုအကြံပြုလိုပါတယ်၊ကျွန်တော်ဟာ
မော်တော်ကားကို၁၉၈၉ ခုနှစ်ကစပြီးကားထောင်
ပြီးအသက်မွေးဝမ်းကျောင်းလုပ်လာသူတစ်ယောက်
ပါ၊အတွေ့ အကြုံနှင့်ယှဉ်ပြီးရေးသားအကြံပြုခြင်းဖြစ်
ပါတယ်၊အမြန်လမ်းသည်ကွန်ကရစ်ဖြစ်သောကြောင့်
မော်တော်ယာဉ်များသွားလာသည့်အခါတာယာ
ပွတ်တိုက်မှုနှုန်းသာမန်ထက်အဆမတန်များပါ
တယ်၊အဲဒီအခါမှာတာယာတွေပူပြီးလေပေါင်
များတက်လာကာ. မခံနိုင်ဘဲတာယာပွင့်သွား
ကာယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်ခြင်းဖြစ်ပါသည်၊
ဒါကြောင့်မို့ အမြန်လမ်းမှာခရီးသွားသည့်အခါ
မသွားခင် လေပေါင်အရင်ချိန်ပါ
ပုံမှန်ထက်အနည်းငယ်လျှော့ထားပါ
လမ်းတွင်တာယာပူမှုလျော့ကျစေရန်ကားတာယာ
လေးဘီးစလုံးအားမကြာခဏရေလောင်းပေးပါ
ယာဉ်ရပ်နားစခန်းများတွင်ရပ်နားပြီးတာယာတွေ
ကိုရေလောင်းပါ
ခရီးမထွက်ခင်ဝပ်ရှော့များ၌ကားဘီးလေးဘက်စလုံး
ဘရိတ်များအမိညီ/မညီစီစစ်ပါ
ဘရိတ်အမိမညီလျှင်လည်းတစ်ဖက်ဆွဲပြီးယာဉ်တိမ်း
မှောက်တတ်ပါသည်၊ဘီးနတ်များလျော့/မလျော့
ကိုလည်းစီစစ်ပါ၊လျော့နေလျှင်လည်းဘီးကျွတ်ထွက်
ပြီးယာဉ်တိမ်းမှောက်တတ်ပါသည်၊
ဘီးအလိုင်းမင်းချိန်ပြီးမှခရီးထွက်ပါ
ကားအောက်ပိုင်းနတ်ကလေးတစ်လုံးပြုတ်ထွက်သွားလျှင်ပင်အသက်ဆုံးရှုံးနိုင်ပါသည်
တာယာပါးနေလျော့နေလျှင်လည်းအပူများပြီးပွင့်ထွက်ကာယာဉ်တိမ်းမှောက်မှုဖြစ်ပေါ်တတ်ပါသည်
ကားမောင်းလျှင်လည်းကီလိုမီတာ(၁၁၀)ထက်မကျော်အောင်ဂရုစိုက်သင့်ပါသည်
အမြန်လမ်းသည်ကားမောင်းရင်းတစ်ဖြည်းဖြည်း
ကီလိုမီတာတက်လာသည်ကိုမသိဘဲကားမရွေ.့ 
သလို ထင်ကာအရှိန်များပြီးယာဉ်တိမ်းမှောက်နိုင်
ပါသည်
တစ်ချို့ လူများသည်ကားမှောက်သည့်အခါကားအတွင်းလေအိတ်မပွင့်ဘူးဟုပြောဆိုသံလည်းကြားရပါသည်
သတိပြုစရာတစ်ချက်ကကားအများစုတွင်
ကားပေါ်ပါလူများခါးပတ်မပတ်ထားပါကလေအိတ်
မပွင့်သည်ကိုဂရုပြုရမှာပါ
အထူးမှာချင်တာကလမ်းမှာတာယာကိုရေလောင်း
ပြီးမောင်းနှင်ပါ
ဘေးအန္တာရယ်ကင်းပါလိမ့်မည်
ကိုယ်တွေ့ ပါ
ဒါတွေအားလုံးစီစစ်ပြီးမှအမြန်လမ်းနှင့်အခြားဟိုက်ဝေးခရီးသွားကြပါရန်စေတနာအရင်းခံ၍အကြံပြု
ရေးသားလိုက်ရပါသည်

0 comments:

Post a Comment

Note: Only a member of this blog may post a comment.