Breaking News
Loading...
2016-05-20

Info Post
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ လျှို့ဝှက်သည်းဖိုဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို ညွှန်းပေးလိုက်ပါ တယ်။


ဒဲနစ်တို့အဖွဲ့က ခရီးသွားပရိုဂရမ် အစီအစဉ်တစ်ခုကို တာဝန်ယူရိုက်ကူးနေကြတာပါ။ ဒဲနစ်တို့ အဖွဲ့မှာက သက်တူရွယ်တူ သူငယ်ချင်းတွေပဲပါပါတယ်။ နောက်ပြီး သူတို့က ခရီးသွားပရိုဂရမ်ကို ရိုက်ကူးရတာကိုလည်း ဝါသနာ ပါကြပါတယ်။ တစ်ရက်မှာတော့ အဲဒီပရိုဂရမ်အတွက် အရှေ့ရိုးမဘက်ကို သူတို့သူငယ်ချင်းတွေ ခရီးထွက်လာကြပါတယ်။

ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ယောက်ကို တစ်ယောက် စနောက်နေကြတဲ့ သူငယ်ချင်းတွေအတွက် စိတ်ညစ်စရာကိစ္စတစ်ခု ကြုံခဲ့ရပါတယ်။ အဲဒါကတော့ သူတို့စီးလာတဲ့ကားပျက် သွားတာပါ။ ကားပျက်သွားတာကြောင့် သူတို့တွေ ကားကိုထားပြီးတောထဲကို လမ်းဆက်လျှောက်ကြပါတယ်။ တကယ်တော့သူတို့ ဆက်သွားတဲ့ နေရာကအန္တရာယ်ရှိတယ်ဆိုပြီး သတိပေးဆိုင်းဘုတ်ကပ်ထားတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ အဲဒီဆိုင်းဘုတ်ကိုတော့ သူတို့အဖွဲ့ထဲကလူတွေ တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။

လမ်းဆက်လျှောက်လာလို့ တော်တော်ခရီးပန်းလာတဲ့ အချိန်မှာတော့ သူတို့အဖွဲ့ထဲမှာ ပါတဲ့ ကောင်မလေးတွေက ခဏနားဖို့ ပြောခဲ့ပါတယ်။ အဲဒီအချိန် မှာပဲ သူတို့အစီအစဉ်ရဲ့ ပရက်စင်တာဂျူးလီကို မလှုပ်ဖို့ ဒဲနစ်က သတိပေးခဲ့ပါတယ်။ ဒဲနစ်သူ့ရဲ့ အိတ်ဆောင်ဓားနဲ့ သေသေချာချာချိန်ပြီးဂျူးလီရဲ့ အနောက်မှာ ရောက်နေတဲ့ မြွေကို ပစ်လိုက်ပါတယ်။ မြွေတွေ့ပြီးတဲ့ချိန်မှာတော့ ကောင်မလေးတွေနားဖို့မပြောတော့ပါဘူး။

အဲဒီလိုနဲ့ ဆက်လျှောက်လာရင်း ဂူပုံစံတစ်ခုကိုတွေ့ခဲ့ပါတယ်။ ဒဲနစ်ကတော့ အဲဒီဂူထဲကို ဝင်ရင်သူတို့အစီအစဉ်အတွက် အကြောင်းအရာတစ်ခုခု ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အစီအစဉ်တင်ဆက်သူ ကောင်မလေးနှစ်ယောက်ကတော့ မြွေတွေ့ထားတဲ့အရှိန်နဲ့ ဂူထဲကိုဝင်ဖို့ ရွံ့နေကြပါတယ်။ ဒါပေမဲ့လည်းသူတို့ရဲ့ ကင်မရာမန်းက တစ်ခရီးတည်းသွားတဲ့သူတွေ ခွဲသွားဖို့အဆင်မပြေဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့တစ်ဖွဲ့လုံးဂူထဲကို ဆက်ထွက်လာခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ သူတို့အဖွဲ့ထဲကတစ်ယောက် နောက်ကသစ်ပင်တွေကိုမှီလိုက်တာ နောက်ဘက်ကို လန်သွားပါတယ်။ အဲဒါနဲ့ပြန်ထဖို့အောက်ကို အားယူပြီးထတဲ့အချိန်မှာ အရိုးတစ်ခုကိုတွေ့ခဲ့ပါတယ်။ အဲဒါနဲ့ လန့်သွားခဲ့ပါတယ်။အန္တရာယ်ရှိတယ်ဆိုတဲ့ နေရာကို ဝင်မိတဲ့ဒဲနစ်တို့အဖွဲ့ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမှာလဲဆိုတာကိုတော့ မြိုင်သရဖူ ထုတ်လုပ်ရေးက ဖြန့်ချိထားတဲ့ တကယ် လို့သာ မြန်မာဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။ ဒီဇာတ်ကားမှာ ဒဲနစ်အဖြစ်မင်းသွေး၊ ဂျူးလီအဖြစ်ယုသန္တာတင်တို့အပါအဝင် ဇာတ်ပို့သရုပ်ဆောင်များပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးပုံဖော်ထားပါတယ်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.