Breaking News
Loading...
2014-01-17

Info Post
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကျီးကန်းပြင် ကျေးရွာ အုပ်စုတွင် ယခင် နစက ဌာနချုပ် နေရာ၌ အစားထိုး ရောက်ရှိ လာသော လုံထိန်း တပ်ရင်းမှ မောင်တော - ကြိမ်ချောင်း ကား လမ်းမ ပေါ်ရှိ စစ်ဆေးရေး ဂိတ်ကြီး၏ တောင်ဘက် မနီးမဝေး တွင်ရှိသော ဘုရားကုန်းနှင့် ကပ် လျက် ဆောက်ထား သော အိမ်ထောင် သည်လိုင်းသို့ သွားသည့် လမ်းတစ်လမ်း ဖောက်လုပ် ထားသည်။ ၎င်းလမ်း အ၀တွင် မသက်ဆိုင်သူ များအ၀င် အထွက် မလုပ်နိုင်ရန် အတွက် ကင်းစခန်း တစ်ခု ပြုလုပ် ထားသည်။

အဆိုပါ ကင်းစခန်းမှ တာဝန်ကျ လုံထိန်းရဲ များသည် ခြေလျင် လျှောက်သွား သူများ၊ စက်ဘီး စီးသွားသူ များကို နေ့စဉ် ရက်ရက် စက်စက် ကိုယ်ထိ လက်ရောက် ရိုက်နှက်မှု များပြုလုပ် နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကိုယ်ထိ လက်ရောက် စော်ကားရန် အကြောင်း ပြချက် မရှိသော် လည်း ကင်းစခန်း ရှေ့မှ စက်ဘီး စီးသွားသည်ကို အကြောင်း ပြချက်၍ ရိုက်နှက် နေ ခြင်း ဖြစ်သည်။ ရခိုင် လူမျိုး ဗုဒ္ဓဘာသာဝင်များ စက်ဘီးစီး၍ ဖြတ်သွား လျက်ရှိသော်လည်း မည်သည့် ပြဿနာမှ မ ရှိကြောင်း ဒေ သ ခံ များမှ ပြောပါသည်။

အဆိုပါ လူမဆန်သည့် လုံထိန်းရဲ များ၏ ရိုက်နှက်မှု များကို ခံရသူ အချို့မှာ --

(၁) ဦးအဘူဆီဒိတ် (ဘ) ဦးဟာလာမျာ (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
- ရိုက်ခံရသည့် အချိန် - ဇန်န၀ါရီလ ၆ ရက် နေ့လည် ၁း၃၀ နာရီ
(မျက်နှာကို လက်သီးဖြင့် အကြိမ်ကြိမ် ထိုးခံရသဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့)

(၂) မာမတ် အာမီးန် (ဘ) ဦးမာမတ် အစ္စလာမ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၁ နှစ် အရွယ်၊ ၅ တန်းကျောင်းသား)

(၃) အုစ်မာန် (ဘ) ဦးဒိလ်မာမတ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၇ နှစ် အရွယ်၊ ၈ တန်းကျောင်းသား)

(၄) ဆူဖီယာန် (ဘ) ဦးအဒူကရီးမ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၈ နှစ် အရွယ်၊ ၈ တန်းကျောင်းသား)

(၅) မာမတ်အာမီးန် (ဘ) ဦးအဒူရဟီးမ် (ကျီးကန်းပြင်၊ ၀ါပိတ်ရွာမှ)
(အသက် ၁၇ နှစ် အရွယ်၊ ၉ တန်းကျောင်းသား)

အထက်ပါ အမှတ် (၂) မှ (၅) ကျောင်းသား များကို ဇန်န၀ါရီလ (၇) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်တွင် ကင်းစခန်း ရှေ့မှ စက်ဘီး စီးသွားသည်ဟု ဆို၍ လူမဆန်စွာ ရိုက်နှက် ခံရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.