• သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အား သဒ္ဓါနှင့် ပတ်သက်သော တရားစကား
ပြောကြားရင် အလွန်နားချမ်းသာတဲ့စကား ဖြစ်ပါတယ်။
• သီလရှိသော ပုဂ္ဂိုလ်အား သီလနှင့် ပတ်သက်သော တရားစကားပြောရင် အလွန်နားချမ်းသာတဲ့စကား ဖြစ်ပါတယ်။
• ဗဟုသုတ ရှိရင်းစွဲပုဂ္ဂိုလ်အား ဗဟုသုတနှင့် ပတ်သက်သော တရားစကား
ပြောရင် အလွန်နားချမ်းသာတဲ့စကား ဖြစ်ပါတယ်။
• နဂိုက စွန့်ကြဲပေးကမ်းခြင်း ဒါနဇ္ဈာသယ အားကြီးတဲ့ ပုဂ္ဂိုလ်အား
အလှူဒါနနှင့် ပတ်သက်သော တရားစကား ပြောကြားရင် အလွန်နားချမ်းသာတဲ့စကား ဖြစ်ပါတယ်။
( တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး )
3 Treasures: Buddha, Dhamma & Sangha

0 comments:
Post a Comment
Note: Only a member of this blog may post a comment.