Breaking News
Loading...
2014-01-02

Info Post


 အမှာစကား။--…

လက်ရှိ မြန်မာ နိုင်ငံတွင် မြေသိမ်း .ယာသိမ်း ရာတွင် "ဝေသာလီပြည် ဘီလူးကျသကဲ့သို့ မြင်မကောင်း အောင် ဖြစ်နေသည် "ဟု စွပ်စွဲခံရသည်ကို ကာကွယ်ရေး ၀န်ကြီး ဦးဝေလွင်မှ ရွှေစိတ်တော်မျက်ရသည်ကို ၀မ်းနည်းစွာဖြင့် ထုတ်ဖော်သံကြားရသည်။

ဗိုလ်ချုပ်မှူးးကြီး သန်းရွှေသည် အာဏာ ရူးယုံသာမက- ဥစ္စာရူးပါ ဖြစ်နေသည်ကို မကြောက်မရွံ့  ထုတ်ဖော်ပြောဆိုသူများ သတ္တိကြောင့် စစ်ဗိုလ် သူခိုးတို့ လုပ်ရပ်များ ။ စစ်ဗိုလ်ချုပ် တို့ မိသားစုဝင်များ၏ အပေါင်းအပါ တအုပ် တိတ်ပုန်း စီးပွါးရေး လုပ်ငန်းများ၊ လက်ဝါးကြီးအုပ် ထိပ်ကွက် စီးပွါးရေး လုပ်ငန်းများ၊ စစ်တပ် ထောက်ပန့် ရေး အမည်ခံ- ဦးပိုင်အမည်ခံဖြင့် စီးပွးရေး သောင်းကျန်း ကြပုံမှာ လယ်ပြင်တွင် ဆင်သွားသလို ထွက်ပေါ် နေချိန်လည်း ဖြစ်သည်။

ရှစ်လေးလုံး အရေးတော်ပုံ၊ ကုန်ဈေးနှုန်း ကျဆင်ေးရး ထုတ်ဖော်မှု ၊ရွှေဝါရောင် အရေးအခင်း တို့အား စစ်တပ်မှ ရက်စက်စွာ ဖြေရှင်းကြပုံကို တချိန်က လွတ်လပ်ရေး တိုက်ပွဲဝင် စစ်သည်ဟောင်းများ သဘောထာျးွှင်္င့် တိုက်ဆိုင် လေ့လာသိရှိရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

တာဝန်ခံအယ်ဒီတာ (ဟစ်တိုင်)

----------------------------------

မျိုးချစ်တပ်မတော်၏ အစဉ်အလာ …
-- ရွှေအိမ်စည်
၂၈။-၇။၂၀၁၃


(က)

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော်သားတွေအတွက် "စစ်သည်တော် ကျင့်ဝတ်" ဆိုတဲ့ လက်စွဲ စာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ လက်စွဲ စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။
ဖြန့်ဝေတာကတော့ ….. စစ်သည်တော် အားလုံး (တပ်မတော်သား အားလုံး) ကို ဖြန့်ဝေပါတယ်။
အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။



ဒီတော့ …… မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။

စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……" တပ်မတော်၏ အစဉ်အလာ" ဆိုပြီး…..ခေါင်းစဉ်ငယ် တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂) ရပ်ကို ဖော်ပြထားပါတယ်။
ပြီးတော့ ….. ဒီအစဉ်အလာ (၁၂) ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။
အစဉ်အလာ (၁၂) ရပ်ထဲက ပထမဆုံး အချက်က " မျိုးချစ် တပ်မတော် ဖြစ်သည်" ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဒီတော့ ….. မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။
မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ် တပ်မတော် ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။


(ခ)

၁၉၄၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်မှာ သီရီလကာင်္နိုင်ငံ ကန္ဒီမြို့မှာ မြန်မာ့ တပ်မတော်သစ်နဲ့ ပါတ်သတ်လို့ စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ကန္ဒီစာချုပ်ပါ ……။
မြန်မာဖက်က ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးပြီး ဗြိတိသျှတို့ ဘက်ကတော့ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီ မောင့်ဘတ်တန် လက်မှတ်ထိုးခဲ့တယ်။
စာချုပ်အရ ….. မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး ၊ စစ်အင်အား ၅၂၀၀နဲ့ ဗြိတိသျှဘားမား ရိုင်ဖယ်တပ်တွင် ပူးပေါင်း၍ တပ်မတော် အသစ်အား ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။




တပ်မတော်သစ်တွင် ပါဝင်ကြမယ့် မျိုးချစ် ဗမာ့တပ်မတော်က အရာရှိ တပ်မှူးတွေကို အင်္ဂလိပ်တပ်က စစ်ပညာသင်တန်း ပြန်ပို့ချပါတယ်။
တပ်ရင်း (၄)က တပ်မှူးတွေကို ပြည်မြို့မှာ သင်တန်းပေးတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်မှူးချုပ် အောင်ကြီးတို့ တက်ကြရပါတယ်။
တပ်ရင်း(၅)က တပ်မှူးတွေကိုတော့ ပျဉ်းမနားမှာ သင်တန်းပေးပါတယ်။ ဗိုလ်မှူးကြီး ဇေယျတို့ ဗိုလ်မှူးကြီး ကြည်မောင်တို့ တက်ကြရပါတယ်။
မိတ္တီလာမှာ ဖွင့်တဲ့ သင်တန်းကိုတော့ အမြောက်တပ်နဲ့ အခြားတပ်က တပ်မှူးတွေ တက်ကြရပါတယ်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်ကြီး တင်ဦးတို့ တက်ကြရပါတယ်။

ဘားမားရိုင်ဖယ် တပ်ရင်း(၃) တပ်မှူးတွေရဲ့ သင်တန်းကိုတော့ သန်လျင်မှာ ဖွင့်ပါတယ်။ အဲဒီမှာ ဗိုလ်မှူးချုပ် ကျော်ဇော ၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်) တို့ တက်ကြရပါတယ်။
တပ်ရင်း(၃) သင်တန်းသား အားလုံး စုစုပေါင်း ၂၈-ယောက် ရှိပါတယ်။ အခြေခံ စစ်ရေးပြ "လက်(ဖ)ရိုက်"..... "လက်(ဖ)ရိုက်" က စသင်ကြရပါတယ်။
ပြီးတော့ …." တပ်အုပ်ချုပ်မှုနဲ့ စစ်တပ်ဥပဒေ" ဘာသာရပ်တို့ကိုလည်း သင်ကြရပါတယ်။

တနေ့…..။-
စစ်တပ်ဥပဒေဘာသာရပ်ကို သင်နေပါတယ်။
လူစုလူဝေးဆန္ဒပြမှုအား ဖြိုခွဲခြင်းအကြောင်းပါ။
လူစုလူဝေးဖြိုခွဲရာမှာ "ပြည်သူ့ရဲ" တို့နဲ့ မဖြေရှင်းနိုင်ပါက နယ်ဖက်အုပ်ချုပ်ပိုင်းမှ စစ်တပ်ကို အကူအညီ တောင်းခံရပါတယ်။
အဲဒီအခါမှာ စစ်တပ်ဟာ လိုအပ်ရုံ အင်အားနဲ့ လူစုလူဝေးကို ရင်ဆိုင်ရပါတယ်။
ပြီးတော့ ….. တပ်ကို အုပ်ချုပ်တဲ့ စစ်ဗိုလ်အရာရှိဟာ သက်ဆိုင်ရာ ခရိုင်တရားသူကြီး တစ်ဦးကိုလည်း သူ့အနားမှာ ခေါ်ထားရပါတယ်။
လူစုလူဝေးအား ပစ်ခတ်ဖို့ လိုအပ်ပါက ပစ်ခတ်နိုင်ရန် ပစ်ခတ်ခွင့် အမိန့်စာကို တရားသူကြီးထံမှ ရယူရပါတယ်။
ပြီးတော့ တပ်မှူးက လူစုလူဝေးရဲ့ အရှေ့မှာ မျဉ်းသားပြီး မျဉ်းကို ကျော်မလာဖို့ အကြိမ်ကြိမ် သတိပေးရပါတယ်။
အဲဒီလို သတိပေးရင်းနဲ့မှ လူစုလူဝေးဟာ မျဉ်းကို ကျော်လွန်လာလျှင် တပ်မှူးက တရားသူကြီးရဲ့ ပစ်ခတ်ခွင့် အမိန့်စာအရ ဆန္ဒပြသူတို့ရဲ့ ခေါင်းဆောင်လို့ ယူဆရသူ ……ဒါမှမဟုတ် တပ်ဦးက အလံကိုင်လာတဲ့ လူကို တိတိကျကျ ညွှန်ပြပြီး တပ်သားကို ရိုင်ဖယ်သေနတ်နဲ့ ကျည်ဘယ်တောင့်ပစ်ပါ ဆိုပြီး ပစ်မိန့်ပေးရပါတယ်……။


ဒါက…..လူစုလူဝေး ဖြိုခွင်းခြင်းဆိုင်ရာ စစ်တပ်ရဲ့ ဥပဒေ ဘာသာရပ်ရဲ့ သင်ကြားချက်ပါ။

သင်တန်းဆရာက ဘာသာရပ်ဆိုင်ရာ သဘောတရားကို ပို့ချပြီးတဲ့နောက် သင်တန်းသားတွေကို ကြည့်ပြီး လက်ချာဆက်ပေးပါတယ်။

"……ဟောဟိုလမ်းမကြီးပေါ်မှာ လူထုကြီးအလံတွေ ကိုင်လို့ ပါးစပ်ကလည်း အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်လို့ ချီတတ်လာနေကြတယ် …… ခင်ဗျားတို့ ဘာလုပ်မလဲ……"

သင်တန်းဆရာက သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးတွေကို မေးပါတယ်။

"………. ရှေ့ကို တတ်မလာပါနဲ့ လို့ သတိပေးမယ်"

သင်တန်းသားတပ်မှူးများက ဖြေကြတယ်။

"…… ဟုတ်ပြီ …… ကဲဗျာ တားလို့ မရဘူး။ ရှေ့ဆက် တက်လာကြပြီ ဆိုပါတော့ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ"

သင်တန်းသားအားလုံး ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးများအားလုံး ချက်ချင်း အဖြေမပေးနိုင်။
သူတို့ အားလုံး၏ အမြင်အာရုံတွင် ….. ဖဆပလအဖွဲ့ဝင် သခင်များနှင့် ပြည်သူလူထုကြီး …..။

"…..လွတ်လပ်ရေး ချက်ချင်းပေး "



"…..သူပုန်၊ သူပုန် ထ ထ….." ကြွေးကြော်သံများအား ဟစ်ကြွေးနေတဲ့ လူထုကြီးနဲ့ အနီခံ ကြယ်ဖြူတစ်ပွင့် အလံနီကြီးများ …… ခွပ်ဒေါင်းအလံများ ၀င့်၍၀င့်၍ ချီတတ်လာနေကြတဲ့ မြင်ကွင်းတွေကို သင်တန်းသား အားလုံး မြင်ယောင်နေကြတယ်။
သင်တန်းသား အားလုံးဟာ ငြိမ်သက်နေတယ်။ အဖြေ မပေးနိုင်ကြသေး။ သင်တန်းဆရာက ထပ်မေးတယ်။



"…. ကဲဗျာ …… ရှေ့ဆုံးက ချီတတ်လာတာက ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ဗျာ….။ သတိပေးလို့လဲ မရဘူး……။ ဆက်ပြီး ချီတတ်လာပြီ ခင်ဗျားတို့ ဘာလုပ်မလဲ ……။ ပစ်မလား။ မပစ်ဘူးလား ……"

"မပစ်ဘူး….."

သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်ရဲ့ တပ်မှူးတွေအားလုံးက အဖြေပေးလိုက်ကြတယ်။

ဤတွင် ကျနော် နားလည်လိုက်မိတယ်။

"ငါတို့သည် ……နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် " ဆိုတဲ့ တပ်မတော်သား တို့ရဲ့ နေ့စဉ် ရွှတ်ဆိုရသည့် သစ္စာအဓိဌာန်အား …….။

သို့သော် …… ယခု တပ်မတော်က …….။

ထားတော့ …..။


အဲ့ဒီတုန်းက သင်တန်းမှာ တတ်နေခဲ့ကြတဲ့ တပ်မှူးတွေဟာ ရဲဘော်သုံးကျိပ်ဝင်တွေ ပါတယ်။
ပြီးတော့ ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော် စတဲ့ တပ်မတော်တွေမှာ တာဝန်ထမ်းခဲ့ပြီး လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲ ၀င်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဆိုရရင်တော့ ဒီနေ့ တပ်မတော်ကြီးရဲ့ သန္ဓေသားတွေ….။
ဒီနေ့ တပ်မတော်ကြီးရဲ့ ပထမ မျိုးဆက် တပ်မှူးကြီးတွေ …….။

တင်ပြခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် သူတို့တွေရဲ့ စဉ်းစားချက် ၊ ရပ်တည်ချက်၊ တွေးခေါ်ချက်နဲ့ လုပ်ဟန်တွေဟာ မျိုးချစ် တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ လုပ်ဟန်တွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ မျိုးချစ် တပ်မတော်ရဲ့အစဉ်အလာ ကောင်းတွေပါ။

ဒီလို အစဉ်အလာကောင်းတွေကို ဒီနေ့ တပ်မတော်ကြီးဟာာ စောင့်ထိန်း ထားနိုင်ကြသေးရဲ့လား။
မေးစရာတွေ ဖြစ်နေပါပြီ။
ဒါဟာ …..ဒီနေ့ တပ်မတော်သားတိုင်း ဆန်းစစ်ကြည့်ကြဖို့ လိုသလို တစ်ဦးချင်း အဖြေပေးကြရမှာလည်း ဖြစ်တယ်။

အညွှန်း - ဗိုလ်မှူးကြီး တင်မောင်၏ "တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်" စာမျက်နှာ (၁၃-၃၂)မှ

0 comments:

Post a Comment

Note: Only a member of this blog may post a comment.