Breaking News
Loading...
2013-12-31

Info Post
မန်မာ နယ်စပ် အာဏာပိုင်များကို ပိုက်ဆံပေး၍ မြန်မာဘက်သို့ ၀င်ရောက်ရန် ခိုးကူးနေသော နတ်မြစ်အတွင်းမှ လှေတစ်စီးကို နိရဉ္စရာ သတင်းထောက်က အမိအရ ရိုက်ကူးထားစဉ်။

မြန်မာနှင့် ဘင်္ဂလာနယ်စပ်ကို ပိုင်းခြားထားသော နတ်မြစ်အတွင်း လှေတစ်စီးနစ်ရာမှ လူ ၂ ဦးသေဆုံးပြီး ၇ ဦးပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

ပျောက်ဆုံးနေသူများအထဲမှ သေဆုံးသွားသူ အလောင်း (၂) လောင်းအား ယမန်နေ့က ရေထဲက ပြန်လည် ဆယ်ယူရရှိခဲ့သည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

သေဆုံးသွားသူများမှာ ဖါတေမာဘေဂွန် (၅၀) နှစ်နှင့် မူဟာမတ် အလီယက် (၈) နှစ်တို့ဖြစ်ကြသည်။ သူတို့အား မြန်မာနိုင်ငံကလာသော မွတ်ဆလင်များနေထိုင်ရာ တက်ကနက်မြို့နယ် နော်ယာပါရာ ဒုက္ခသည်စခန်းရှိ မိသားစုများထံသို့ ဘင်္ဂလာ အာဏာပိုင်များက လွှဲပြောင်းပေးအပ်လိုက်သည်ဟု ဆိုသည်။

လွန်ခဲ့သော တနင်္လာနေ့က ဘင်္ဂလာဒေခ်ျ့မှ လူ ၁၈ ဦးကို တင်ဆောင်၍ မြန်မာဘက်သို့ တရားမ၀င်ခိုးကူးသည့် လှေ တစ်စီး နတ်မြစ်ထဲတွင် နစ်မြုပ်ရာ လူ (၉) ဦးကို အနီးအနားရှိ လှေများက ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် ၉ ဦးမှာ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။

လူသေအလောင်း (၂) လောင်းကို ပြန်လည် ဆယ်ယူရရှိခဲ့ပြီး၊ ကျန် (၇) ဦးမှာဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သိရသည်။

တက်ကနက် အခြေစိုက် အမှတ် (၄၂) ဘီဂျီဘီတပ်ရင်းမှူးမှ သတင်းထောက်များသို့ ပြောသည်မှာ သူတို့အနေဖြင့် လှေနစ်သူများကို ကယ်တင်ရန် မဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင်းဆိုသော် လှေမှာ မြန်မာရေပိုင်းနက်အတွင်း နစ်သွား၍ ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် မြန်မာဘက်က နယ်စပ် ခြံစည်းရိုးကိုကာရံပြီး လုံခြုံရေး တင်းကျပ် ထားသည်ဟု ပြောကြားသော်လည်း ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ ဒုက္ခသည်စခန်းတွင် ခိုလုံနေထိုင်သူများ မှောင်ခိုလှေများကို အသုံးပြု၍ မကြာခဏ နတ်မြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက်သို့ တရားမ၀င် မကြာခဏ ၀င်ရောက်နေကြသည်မှာ အထူး အံ့သြဖွယ်ရာ ဖြစ်ကြောင်း နယ်စပ်နေ ပြည်သူများက နိရဉ္စရာသို့ ပြောကြားသည်။

အပြည့်အစုံသို့ --> နတ်မြစ်အတွင်း လှေနစ်ရာမှ လူ ၂ ဦးသေ၊ ၇ ဦးပျောက်ဆုံး http://www.myanmarcnn.com/2014/01/blog-post_5208.html#ixzz2p8GxTfdI

0 comments:

Post a Comment

Note: Only a member of this blog may post a comment.