Breaking News
Loading...
2013-12-10

Info Post
မန္တလေးတိုင်းဒေသကြီး
တံတားဦးမြို့ နယ်အတွင်းရှိ မြို့၏ အရှေ့တောင်ဘက်ခြမ်းတွင် ဟံသာဝတီကျေးရွာအုပ်စု/
ဥတည်ကျေးရွာ/မီးသွေးတိုက်ကျေးရွာ/
ငါးရာပြားကျေးရွာ အစရှိသည့် ကျေးရွာများသည် ဧရာဝတီမြစ် ကမ်းဘေးတစ်လျှောက်
တွင်တည်ရှိပြီး ဧရာဝတီမြစ်အားအခြေခံ
ကာ အသက်မွေးဝမ်းကြောင်းပြုလုပ်ကိုင်
စားသောက်လျှက်ရှိသလို မြစ်ကိုအခြေခံ
ကာ သင်္ဘောများ စက်လှေများ ဖောင်များဖြင့် ရေအမြစ်ကိုအခြေခံကာ ဝမ်းစာရှာလက်လုပ်လက်စားများစွာရှိပေသည်။
ယင်းသို့သော လက်လုပ်လက်စား
များအပြင်မြန်မာနိုင်ငံ
အထက်ပိုင်ဖြစ်သည်မြစ်ကြီးနား ကသာ /ဗန်းမော် အထက်ပိုင်းဒေသများမှ သင်္ဘောကြီးများဖြင့်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ
မန္တလေးဆိပ်ကပ်အထိ သယ်ဆောင်
မောင်းနှင်လာသော သင်္ဘောကြီးများ
နှင့် အခြားသော စက်လှေများ မော်တော်
ဘုတ်များဖြင့် ပစ္စည်းများသယ်ဆောင်ရာ
တွင် မှောင်ခိုပစ္စည်းများ ဖြစ်သော ကျွန်း
သစ်နှင့်အခြားသော သစ်မာများအား
စက်တပ်ယာဉ် များဖြင့် မှောင်ခိုသယ်
ဆောင်ပြုလုပ်လျှက် ရှိကြောင်း
တံတားဦးမြို့နယ်တွင်း ဧရာဝတီ
မြစ်ဘေးရှိရွာများတွင် ဧရာဝတီမြစ်ကို
အခြေခံကာ အသက်မွေးလုပ်ကိုင် စားသောက်သူများတွင် နိုင်ငံတော်ပိုင်
သစ်များ အား မှောင်ခိုလုပ်ကိုင်သူ
များပြာစွာ ရှိနေကြောင်း သစ်စက်ပိုင်ရှင်
အများစုတွင် တရားဝင် လိုင်စင်များမရှိ
ကြောင်း နယ်မြေခံတစ်ချို့၏ပြောပြချက်
အရသိရှိရပြီး သစ်မှောင်ခိုလုပ်ကိုင်သူ
ခန့်မှန်းအားဖြင့် တော်တော်များပြားလျှက်
ရှိကြောင်း ယခုလို သစ်များမှောင်ခိုလုပ်
ဆောင်မှုများရှိနေသော်လည်း တာဝန်ရှိသူများမှဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းမရှိကြောင်း တာဝန်ရှိသူနိုင်ငံဝန်ထမ်းများ
အတွက် ဥပဒေမဲ့စုန်တစ်ခုဖြစ်နေကြောင်း
ပြောကြားထားရှိပါသည်။
ဥပဒေမဲ့ပြုလုပ်ခြင်းသည် ဥပဒေ
နှင့်သက်ဆိုင်သူများ၏တာဝန်ဖြစ်ကြောင်း
နှင့် သက်ဆိုင်တဲ့ဌာနဆိုင်ရာ များနှင့်သာ
ပြီးဆုံးနေခြင်းသည် ပွင့်လင်းမြင်သာမှု
အတွက်လမ်းစမဲ့နေတယ်လို့ထပ်လောင်း
ပြောကြားထားသည်။

ဥပဒေမဲ့စွာပြုလုပ်သူအား တာဝန်ရှိသူ မည်သူမဆို ဥပဒေအရ
အရေးယူသင့်သည် အရင်တုန်းက
သစ်တစ်ပင်ခုတ် ထောင်(၃)နှစ် ဆိုသော
စာသည် သစ်ပင်ရှိရာနေရာတိုင်းတွင်
ရေးသားထားပြီး ယခုလို သစ်များ
မှောင်ခိုလုပ်ကိုင်နေခြင်းသည် အဘယ်
ကြောင့်နည်း စဉ်းစားစေခြင်သည်။
ကျွန်တော်တို့ကျေးရွာမှာ တံတားဦးရဲစခန်းမှ အပိုင်နယ်ထိန်း
ဆိုသူအားမေးမြန်းကြည့်ရာ သစ်ဆိုတာ
သစ်တောနှင့်သာဆိုင်သည် ဆိုသော
ကြောင့် အမှန်တကယ် သက်ဆိုင်သော
နိုင်ငံဝန်ထမ်းများတွင် မည်သူမှာတာဝန်ရှိ
သည်ဆိုသောဝန်ထမ်းများအား ဖော်ထုတ်
အရေးယူဆောင်ရွက်သွားရန်နှင့်
တံတားဦးမြို့နယ် ဧရာဝတီမြစ်ကမ်းပါး
ဘေးတွင် သစ်မှောင်ခိုလုပ်ကိုင်သူ များ
အားဥပဒေအရအရေးယူ
ဆောင်ရွက်နိုင်ရေးစီစစ်ဖော်ထုတ်
နိုင်ရေး တာဝန်ရှိသူများအား
ရေးသားဖော်ပြလိုက်ရပါသည်။








0 comments:

Post a Comment

Note: Only a member of this blog may post a comment.