Breaking News
Loading...
2013-12-21

Info Post
ဒါရိုက်တာ အဏ်ထော်ဏီ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်အနေဖြင့် ပထမဆုံး ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၂ အကယ်ဒမီ ဗန်းကိုင်စာရင်းတွင် ရွေးချယ်ခံထားရသည့် ဆောင်းဝတ်ရည်မေကပြောသည်။

ဒါရိုက်တာ အဏ်ထော်ဏီ (မော်လမြိုင်) ရိုက်ကူးမည့် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီးမှု ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတွင် အဓိကဇာတ်ဆောင် ဦးစောကျော်အေး၏ ဇနီးအဖြစ် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
““နာ့စ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမယ်။ ကိုစောကျော်အေးကို ဆေးကုပေးရင်း ချစ်ကြိုက်သွားကြပြီး လက်ထပ်လိုက်တဲ့ ဇနီးမယားနေရာက သရုပ်ဆောင်ပေးရမှာပါ””ဟု ၎င်းပါဝင်သရုပ်ဆောင်ရမည့် ဇာတ်ရုပ်ကို ပြောသည်။

ယခင်က  The Sing Of Love Season 2 တွင် ပါဝင်သရုပ်ဆောင်ထားဖူးပြီး ရုပ်ရှင်အနေဖြင့် ပထမဆုံးရိုက်ကူးခြင်း ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဆောင်းဝတ်ရည်မေက ပြောသည်။
““အများကြီး ကြိုတင်ပြင်ဆင်ထားပါတယ်။ ရုပ်ရှင်ကားကြီးဆိုတော့ ပေါ့ပျက်ပျက်လုပ်လို့မရဘူး။ ၀မ်းစာတွေလည်း အများကြီး ဖြည့်ထားရပါတယ်။ ကိုယ့်ရှေ့ကစီနီယာတွေရဲ့ သရုပ်ဆောင်မှုတွေလည်း         လေ့လာထားပါတယ်။  ပြီးတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ထရိန်နင်တွေ ပေးထားပါတယ်””ဟု ၎င်းကပြောသည်။

ယင်းရုပ်ရှင်အတွက် သရုပ်ဆောင်များ ရွေးချယ်ခေါ်ယူကာ ရုပ်ရှင်တွင် ပါဝင်မည့် ဇာတ်ရုပ်များနှင့် ပတ်သက်၍ ၀ါရင့်အနုပညာရှင်များက လာရောက်သင်ကြားပေးခဲ့ပြီး သုံးလခန့် သင်တန်းပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းရုပ်ရှင်ကို သင်တန်းပေးထားသည့် သရုပ်ဆောင်များ နှင့် ဒီဇင်ဘာ နောက်ဆုံးပတ်တွင် စတင်ရိုက်ကူးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

                                                                                          Myanmar News မြန်မာသတင်း

0 comments:

Post a Comment

Note: Only a member of this blog may post a comment.