Breaking News
Loading...
2013-12-12

Info Post
တံတားဦးမြို့ အမှတ်(၁)ရပ်ကွက်နေ ဦးရဲဝင်းနိုင် (ဘ) ဦးသိန်းဆောင် နေအိမ်တွင် ၁၂ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်
တွင် အိပ်ရာမှ နိုး၍ နေအိမ်
ရှိပြတင်းပေါက်ပွင့်နေသဖြင့် အိပ်ခန်းအတွင်းကြည့်ရှုစစ်ဆေးရာ အိပ်ခန်းအတွင်း ငွေနှင့်
ရွှေထည်ပစ္စည်းများ ထည့်ထားသောသေတ္တာ
ပျောက်ဆုံးနေကြောင်း ရာအိမ်မှူး ဦးထွန်းလွင်အား သွားရောက်ခေါ်ဆောင်ပြီး လိုက်လံရှာဖွေခဲ့ကြောင်း ၁၂ ရက်နေ့ ၁ နာရီခွဲ အချိန်ခန့်တွင် ဘူတာရပ်ကွက်နေ
ရထားသံလမ်းအလုပ်သမား ကျော်ကျော်ထွန်းမှ မေဃဝန်တောရ ဘုန်းကြီးကျောင်းဝန်းတောင်တိုက်အနီး
ကားလမ်းတောင်ဘက်ဘေး
ခြုံဘုတ်ဘေးတွင် သံသေတ္တာ တစ်လုံး
တွေ့မြင်ခဲ့ကြောင်း ဘူတာရပ်နေဦးကိုအေးမှ သံသေတ္တာတွေ့ရှိသောနေရာသို့လာ
ရောက်ပြောပြသဖြင့် သံသေတ္တာတွေ့
ရှိသောနေရာသို့ သွားရောက်ကြည့်ရှုရာ
ပျောက်ဆုံးနေသော သေတ္တာဖြစ်နေကြောင်း သေတ္တာထဲတွင်
ငွေ(၁၁)သိန်းနှင့် ရွှေထည်ပစ္စည်းများမရှိ
တော့သဖြင့် ဘူတာရပ်ပိုင် တံတားဦးရဲစခန်းတွင် ပစ္စည်းပျောက်ဆုံး
မှုနှင့်ပါတ်သတ်၍ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း
ပျောက်ဆုံးနေသည့်ရွှေထည်ပစ္စည်းများ၏တန်ဖိုးငွေကျပ် (၂၈)သိန်းဖြစ်ပြီး
ငွေသား တန်ဖိုးငွေကျပ် ( ၁၁)သိန်းကျော် ဖြစ်ကြောင်း သိရှိရပါသည်။


မအေးခိုင်

0 comments:

Post a Comment

Note: Only a member of this blog may post a comment.